ရေကြီးပြီးနောက်ပိုင်း မြို့ထဲ ပထမဆုံး ပြန်ထွက်ပြီ။ ဒီနေ့ ခရီးစဉ်တွေကတော့ -
- Phra Khanong 71 Myanmar Food Market
- Wat Phai Ngoen ဘုရားကျောင်း
- Central World
- Kinokuniya Siam Paragon
- Famous Food Street, Banthat Thong Road
Phra Khanong စျေးဆီသို့ သွားနေပါပြီ။ ကျွန်တော်တို့ ABAC ကျောင်းအဝင်လမ်းထိပ်ကနေ ကုန်းကျော်တံတားနဲ့ ကူးပြီး Bus 365/78 နဲ့ သွားနေတာ၊ 23 ဂိတ်စီးရမယ်တဲ့။ တျောက်ကို ၁၅ ဘတ်။ ကြာမှာမို့ နားကြပ်လေးနဲ့ I See Love by Jonas Blue နားထောင်ရင်း…

နောက် Bus 46 နဲ့ အက်စျေးဆီ တိုက်ရိုက်သွားပါပြီ။ တျောက်ကို ၁၀ ဘတ်။

Phra Khanong 71 လမ်းထဲက စျေးအတွင်းသို့ ရောက်ပါပြီ။

လိုက်ရှာတဲ့ မူးမူးရဲ့ ဆိုင်ရှာမတွေ့တာနဲ့ တွေ့တဲ့ တောင်ကြီး ဆိုတဲ့ Indian ဆိုင်တစ်ခုမှာ ထိုင်စားလိုက်ပါတယ်။
လေးခေါက်လောက် စျေးကို ပတ်ရှာပြီးမှ မနန်းမူး ဆိုင်က အဲ့တောင်ကြီးဆိုင်အရှေ့မှာဘဲ ရှိနေခဲ့မှန်း သိတော့မှ 🥹 တောသားရွာလည်ဖြစ်နေခဲ့တယ်။
ပြီးတော့ အုန်းရည်သောက်၊ ဖာလူဒါကို တီးဆိုင် ဆိုတဲ့ ဆိုင်မှာ ထိုင်သောက်ရင်း Wat Phai Ngoen ဘုရားကျောင်း သွားဖို့ taxi ကားထိုင်စောင့်။
ရောက်ပါပြီ။ ဝင်ကြေးမရှိပါဘူး။

Wat Phai Ngoen ဘုရားကျောင်းရဲ့ ထူးဆန်းတာက အက်ဘုရားဝန်းထဲမှာ ဟိန္ဒူ Lakshmi Shrine နဲ့ ထိုင်းဘုရား အဆောင်နှစ်ခုလုံး ရှိနေတာဘဲ။
ဆုတောင်း ကန်တော့တာပြီးတော့ Central World ဆီ ခရီးဆက်ခဲ့ကြပါတယ်။ အက်မှာ လုပ်စရာရှိတာလေး လက်စသတ်ပြီး အဓိက သွားချင်တဲ့ နေရာဖြစ်တဲ့ Banthat Thong Road ဆီတော့ ခရီးဆက်ခဲ့ပါတယ်။
လမ်းမှာတွေ့ခဲ့တာ Lamborghini Teal color လေး တဖြတ်။

ရောက်ပါပြီ။ တလမ်းလုံး အစားအသောက်ဆိုင်တွေကြီးဘဲ ဒီလမ်းမှာတော့ နာမည်ကြီးပြီး မစားမဖြစ် စားရမယ့်နေရာတွေကတော့ -
- Jeh O Chula: Michelin Star ရထားတဲ့ တုန်ယမ်းခေါက်ဆွဲဆိုင်
- Nueng Nom Nua: ပေါင်မုန့်တုံးနဲ့ နွားနို့ရတဲ့ အချိုပွဲဆိုင်

ဒီဆိုင်နှစ်ဆိုင်ကတော့ Banthat Thong Road ရဲ့ iconic နေရာ နှစ်ခုမို့ပေါ့။ တခြား ဆိုင်တွေ Haab, Baan Kook Kai, Pastry စသဖြင့် street food ဆိုင်နဲ့ ပြည့်နေတာဘဲ။ ကျွန်တော်တို့ ရောက်သွားတုန်း ညနေ ၅ နာရီ ဝန်းကျင်ဘဲ ရှိသေးတယ်။
Jeh O Chula ဆိုင်မှာ Queue ရအောင် တန်းသွားစီမယ်ဆိုပြီး ဖြစ်ချင်တော့ ဆိုင်က ခနပိတ်ထားပြီး Oct 28 မှ ပြန်ဖွင့်မယ် ကပ်ထားပါလေရော။ 🥹
အက်လိုနဲ့ဘဲ နောက် ဒီလို တုန်ယမ်း ခေါက်ဆွဲ၊ အခေါက်ကင် နဲ့ နာမည်ကြီးတဲ့ Baan Kook Kai ဆိုတဲ့ ဆိုင်မှာ ဝင်ထိုင်စားခဲ့ကြပါတယ်။
စားလို့ကတော့ အရမ်းကောင်းပြီး စျေးတန်ပါတယ်။ နှစ်ခုပေါင်း 550 ဘတ် ကျခဲ့ပါတယ်။ Jeh O Chula ဆိုင်ထက်တော့ စျေးပေါမယ် ထင်ပါတယ် အရသာက ပိုကောင်းလား မကောင်းလားကတော့ မစားဖူးသေးတော့ မသိဘူးပေါ့။
ပိုက်ဆံရှင်းတော့မှ သိလိုက်ရတာတော့ ဒီ Baan Kook Kai ဆိုင်က scan or bank payment တွေနဲ့ ရှင်းမရဘဲ cash only ပါတဲ့ဗျာ။ ငွေသားမကိုင်တဲ့ သူငယ်ချင်း သုံးယောက် ပြာယာခတ်သွား၊ ကျောဘက်မှာ ထိုင်တဲ့ ထိုင်းမိသားစုကို အကူအညီ တောင်းပြီး ငွေသားလဲပြီးမှ အကုန် အဆင်ပြေသွားခဲ့ပါတယ်။ 🥹 ဒီဆိုင်က cash only ဆိုတာ မကပ်ထားပါဘူး။

ညစာစားပြီးတော့ အချိုပွဲတည်းဖို့ Nueng Nom Nua ဆိုင်သို့ ချီတက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ လူကြိတ်ကြိတ်တိုးကြားက တန်းစီ စရာ မလိုဘဲ ထိုင်ခုံရခဲ့တယ်၊ မှာစားခဲ့တာတွေ က -
- Charcoal Toast Sticks (3 Pieces) with Salted Egg Lava Sauce
- Signature Toast Sticks (3 Pieces) with Hokkaido Milk Sauce
- Chocolate Milk and Signature Milk

အတော် စားကောင်းပါတယ်။ 205 ဘတ် ကျခဲ့။
စားသောက်တာတွေလဲ ပြီး ညလဲ ရောက်တာနဲ့ လမ်းကြီးက မီးရောင်တွေ လူတွေနဲ့ အသက်ဝင်လာပါပြီ ညနေတုန်းကနဲ့ တခြားစီပါဘဲ။

ပုံလေးတွေ ရိုက်ပြီးတော့ ပြန်မယ့် ကားရှိတဲ့ Siam Paragon နားသို့ ပြန်သွားခဲ့ပါတယ်။
Van ကား မရောက်ခင် စောရောက်နေတာနဲ့ Siam Paragon မှာရှိတဲ့ စာအုပ်ဆိုင် Kinokuniya ကို ပတ်ကြည့်တယ်။
ပြီးတော့ ကားဆီ ပြန်သွားပြီး ခရီးလေးလဲ အဆုံးသတ်သွားပါပြီခဗျ။
တွေ့ခဲ့သမျှ ကြောင်တွေရဲ့ ပုံ -














