မနက် 7:30 မှာ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ Bus 365 ဆီ သွားခဲ့ကြပါတယ်။ I took a pill in Ibiza ကို နားထောင်ရင်းပေါ့။
နောက်တစ်ဆင့် Bus 46 (3-10) ကူးစီးဖို့ စောင့်ခဲ့ပေမယ့် နာရီဝက်လောက်အထိ ကားမလာတာနဲ့ Bolt Taxi နဲ့ပဲ Khlong Toei Market ဆီ တိုက်ရိုက် သွားလိုက်ကြပါတယ်။
စျေးဆီ ရောက်တာနဲ့ ဗိုက်ကလည်း ဆာနေပြီဆိုတော့ တုတ်ထိုးဆိုင် Bangkok Pork Stick ဆီသို့ ချီတက်ခဲ့ကြပါတယ်။
စျေးကိုက မြန်မာပြည်က စျေးလေးလိုမို့ လမ်းကျဉ်းကြားထဲမှာ တုတ်ထိုးဆိုင်၊ အသီးအရွက် ချရောင်းနေတဲ့ ဆိုင်၊ ဖျော်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အကြော်စုံဆိုင် တို့နဲ့ တစ်လျှောက်ကြီး ကြိတ်ကြိတ်တိုး စည်နေပါတယ်။
စားလို့ အတော်ကောင်းခဲ့ပါတယ်။ လတ်ဆတ်တယ်၊ အရသာလည်း ရှိတယ်၊ အချဉ်နဲ့ ဟင်းရည်ကလည်း ကွက်စတိ။
ဆိုင်ရှေ့မှာ ဒိန်ချဉ်စစ်စစ် ရောင်းနေတာတွေ့လို့ ထန်းလျက်ရည် လျှော့ခိုင်းပြီး ချဉ်ချဉ်တစ်ဘူး မှာခဲ့ပါတယ်။ အဲဒီနောက် သူငယ်ချင်းတွေနဲ့ ခဏလမ်းခွဲပြီး The One Bangkok ဆီသို့ သွားခဲ့ပါတယ်။

ဒိန်ချဉ်က အတော်သောက်ကောင်းပါတယ်။ မြစ်ကြီးနားက ဗဟိုဒိန်ချဉ်ကိုပါ သတိရစေလောက်ထိပဲ။

နောက်တစ်နေရာအနေနဲ့ Central World ခြောက်လွှာက Kinokuniya ဆိုင်သို့ သွားခဲ့ပါတယ်။ ကြုံရင် မဝယ်လည်း စာအုပ်ဆိုင်တော့ ဝင်ကြည့်ရတာ တကယ် ပျော်စရာကောင်းပါတယ်။
စာအုပ်ဆိုင်ကနေ နေ့လယ်စာ စားဖို့ Central World ပထမအလွှာသို့ ဆင်းခဲ့ပါတယ်။ လမ်းမှာ Pop Mart ဆိုင်တွေ့တာနဲ့ ဝင်ကြည့်ခဲ့ပါတယ်။ ဒီ Disney နဲ့ SpongeBob ကားထဲက ငါး collection လေးတွေ ချစ်စရာကောင်းလို့ ပုံလေးတွေ ရိုက်ခဲ့တာပါ။
ပြီးတော့ မစားဘဲ မကျော်သွားသင့်တဲ့ Shake Shack မှာ classic beef burger နဲ့ Thai milk tea shake သွားစားခဲ့ပါတယ်။ မြို့ထဲရောက်ဖြစ်မှ စားရတယ်ဆိုပေမယ့် အရသာမပြောင်းသွားပါဘူး။ စားလို့ အရမ်းကောင်းတာမို့ ကြုံရင် သေချာပေါက် စားကြည့်ကြပါဗျ။

စားပြီးတော့ BTS Sky Walk ကနေ Siam Paragon ဆီသွားခဲ့ပါတယ်။ (Central World ဒုတိယအလွှာဆီ တက်ပြီး ဆိုင်းဘုတ်ကြည့်ပြီး Skywalk တိုက်ရိုက်သွားလို့ရပါတယ်)

Siam Paragon က Gentle Monster မှာ ခဏဝင်ကြည့်ပြီးနောက် သူငယ်ချင်းတွေနဲ့ ပြန်ဆုံမယ့် Cloud 11 ဆီသို့ သွားပါပြီ။

ဒီနေ့ ရထားစီးရမှာ များတာကြောင့် ပိုက်ဆံသက်သာမယ့် BTS One Day Pass ကို Siam Paragon အရှေ့က Siam Center BTS ကနေ ဝယ်ပြီး BTS Punnawithi ထိ စီးခဲ့ပါတယ်။
Cloud 11 သို့ ရောက်ရှိပြီး ခဏ လျှောက်ပတ်ကြည့်ရင်း ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
Cloud 11 ကနေ ဒီနေ့ရဲ့ အဓိကသွားမယ့်နေရာ Sailom Bangpu ဆီသို့ ခရီးဆက်ခဲ့ပါတယ်။ ရထားဂိတ်အဆုံး BTS Kheha အထိ စီးပြီး အဲဒီကနေ Bolt Taxi နဲ့ ဆက်သွားခဲ့ပါတယ်။
Sailom Bangpu သို့ ရောက်ပါပြီ။ အရမ်းအေးချမ်းပြီး လှတဲ့နေရာလေးမို့ ပုံလေးတွေ ရိုက်ဖြစ်ခဲ့ပါတယ်။
ညနေ 6:15 လောက်မှာတော့ BTS Kheha ဆီသို့ ပြန်သွားပြီး BTS Paknam မှာ Bus 365 ကို စီးဖို့ သွားခဲ့ပါတယ်။ နောက်ဆုံးအကြော့ Bus ကို မမီလိုက်တော့ Bolt Taxi နဲ့ပဲ အိမ်ထိ ပြန်ခဲ့ကြပါတယ်။

Bus၊ ရထား၊ van တို့က အသွားကျ အဆင်ပြေပြီး ငွေလည်း သက်သာပါတယ်။ ညပိုင်းအပြန်ကျတော့ နောက်ဆုံးအကြော့အချိန် မသိရင် လွတ်သွားတတ်တော့ Bolt၊ Grab တို့က အသုံးပြန်ဝင်လာရော။
အိမ်ရောက်တော့ ည 8:00 ရှိနေပြီမို့ ညစာကို အနီးနားက ထိုင်းမှာ လမ်းထောင့်တိုင်းလိုလို တွေ့ရတတ်တဲ့ Chaixi Bameekiao (ชายสี่บะหมี่เกี๊ยว) ဆိုင်မှာ ခေါက်ဆွဲထိုင်စားခဲ့ပါတယ်။
ဒီပိတ်ရက်မှာ ဘာမှမလုပ်ဖြစ်လည်း အချိန်နဲ့ ပိုက်ဆံက ကုန်သွားမှာပါပဲ။ ဒါပေမဲ့ အခုလို သူငယ်ချင်းတွေနဲ့အတူသွားလိုက်တော့ ပြန်ရတဲ့ အတွေ့အကြုံ၊ အမှတ်တရတွေက ကျွန်တော့်အတွက် အမြတ်ပါပဲ။
အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့ တစ်ယောက်တိုင်းစီကို ကျေးဇူးတင်ပါတယ်။ အချိန်မဆွဲဘဲ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်မိသားစုနဲ့အတူ အချိန်ဖြတ်သန်းကြပါ။ အနည်းဆုံး အားလပ်တဲ့ ပိတ်ရက်တွေမှာပေါ့!!



























